မနက်ဖြန်ဆိုရင် သီတင်းကျွတ်လပြည့်နေ့ ကိုရောက်ပြီ...............သီတင်းကျွတ်လပြည့်နေမှာ
အလုပ်လုပ်ရမှာဆိုတော့ ဘယ်မှတောင်မသွားနိုင်တော့ဘူးထင်တယ်...... သီတင်းကျွတ်ဆိုတော့
အဖိုးအဖွားတွေကို ၁နှစ်လုံးအပြစ်လုပ်ထားတာတွေကို တောင်ပန်ရဦးမယ် .... အဖေ့ကိုတော့
ကန်တော့ပြီးပြီ............. အမေပဲကျန်တော့တယ်.... အမေကိုလည်းကန်တော့ချင်ပါတယ်......
ဒါပေမယ့် ပိုက်ပိုက်က မရှိဘူးဖြစ်နေတယ် .......ဘယ်လိုရှာရမလဲကိုမသိဘူး......................
စိတ်ညစ်နေလို့ မပြီးဘူးဆိုပေမဲ့  နည်းနည်းတော့ ညစ်နေမိတယ်........... ကိုယ်ဘာသာကိုယ်
လဲ အပြစ်တွေတင်နေမိတယ်............. ဘာပဲဖြစ်ဖြစ်အမေကိုတော့ ကန်တော့နိုင်အောင် ကန်
တော့ရမယ် ဒီလိုနေ့ မျိုးက ၁နှစ်မှ၁ခါပဲရတာ .......... ပိုက်ပိုက်ချေးမဲ့ သူရှိရင်တော့ ကောင်း
တယ် ... ပိုက်ပိုက်ချေးကြပါဗို့.............................................................................
သီတင်းကျွတ်
ကျွန်တော်နင့်အချစ်
အချစ်ဆိုတာ
ချိုတာလား.......... ချဉ်တာလား........ခါတာလား................စပ်တာလား................
ကျွန်တော်အတွက်ကတော့ အချစ်ဆိုတာ ချိုချဉ်ဖန်စပ် တွေကို စတူရောပြီး သုပ်ထားတဲ ခေါက်ဆွဲသုပ် တစ်ပွဲလိုပါပဲ................စားနေတုန်းကတော့ အရသာရှိမလိုလိုနဲ့  အရမ်းကို စားလို့ ကောင်းတယ်.....
စားပြီးခါနီးမှ အစပ်ရဲ့ အရသာကို ခံစားရသလိုပဲ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးရမှသူ့ ရဲတန်ဖိုး
ကိုသိလာရတယ်........... ဒဏ်ရာရထားတဲ့  နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က
ပျော်ရွင်မူဆိုတာကို မက်မောမိတာတော့ အပြစ်မဟုတ်ဘူးထင်တယ်........
ဒါပေမဲ့  ပျော်ရွင်အောင်ဆိုပြီး အပျော်အတုလေးတွေ ဖန်တီးပြီးတော့ ဘ၀ကို ဖြတ်သန်းကြည့်တယ် .....
အတုအရာင်ဆိုတာ ခဏတာပါပဲ.. တည်မြဲတဲ့  အတုအယောင်ဆိုတာ မရှိနိုင်ဘူးဆိုတာ သိပေမဲ့ .......
အတုတွေနဲ့ ပဲအသက်ဆက်ခဲ့ ရတယ် ..တကယ်တော့ အလွမ်းဆိုတာကို အချိန်ကသာ ကုစားနိုင်မှန်းတော့
သိပါတယ်... ... ၂နှစ်ဆိုတဲ့ အချိန်တွေတာကြာသွားပေမဲ့ မေ့လို့ မရဘူး..... အချိန်ဘယ်လောက်ကာမှ
မေ့နိုင်မှာလဲ .............ငိုနေတဲ့ လူတစ်ယောက်ကသူပုံကိုတွေ့ ရင် စိတ်မချမ်းသာမှာဆိုးလို့  လူရွင်တော်
မျက်နှာဖုံးကိုတပ်ပြီး ရှောက်သွားနေရတဲ့ ဘ၀အတော်ကိုဆိုးပါလားနော်......................
Folder ဖျောက်ထားမယ် (၁)
- Folder တစ်ခုကို Desktop ပေါ်မှာ ဆောက်ပါ
- Right Click ပေးပြီး properties မှာ Change icon
- icon ကို အဖြူရောင်ကို ရွေးပေးပါ
- Folder ကို rename နှိပ်ပါ ..name နေရာမှာ Alt+0160 ရိုက်ပါ
- Desktop ပေါ်က folder ပျောက်သွားပါလိမ့်မယ် ..
ပျော်ရွှင်နိုင်ပါစေ...........
လူသားမဆန်ခြင်း (၂)
လူတစ်ယောက်ကို လွယ်လွယ်နဲ့ချစ်တယ်…
ပြီးတော့ လွယ်လွယ်လေးပဲ မေ့ထားခဲ့တယ်…
မင်း… ပျင်းတဲ့အခါ ငါ့ကို စကားလာပြောလိုက်…
မင်း..ပျော်တဲ့အချိန်ကျတော့ ငါနဲ့ အဝေးမှာပေါ့…
ငါချစ်မိတဲ့ အချစ်တွေက
မင်းရဲ့ ဥပေက္ခာ
ပစ်မှတ်မှာရှိနေတော့
ငါဆိုတာ သေလူပါပဲ…
ငါ့မှာ အသက်သာရှိပေမယ့်
ငါ့နှလုံးသားကို မင်းသတ်သွားပြီ…
ချစ်တယ်လို့… လွယ်လွယ်နဲ့
ပြောခဲ့ပြီးမှ ချစ်သူကို အလေးမထားခဲ့ရင်
အဲ့ဒီလူဟာ
လူသားမဆန်တဲ့လူပဲ…….
လူသားမဆန်ခြင်း
လူတိုင်းလူတိုင်းမှာ ရှိတဲ့ လောဘဟာ အရမ်းကိုကြီးပါလားဆိုတာ
ကျွန်တော်အခုမှသိလိုက်ရတယ်။ ကျွန်တော် တော်တော်လေးလဲ
သောက်မြင်ကတ်မိတယ်... ဘာလို့ များ အားလုံးသုံးလို့ ရနေတဲ့ 
rapid Account ကို password ပြောင်းလိုက်ရတာလဲ။
မြန်မာနိုင်ငံက လူတွေမတိုးတက်တာလဲမပြောနဲ့  password
မပြောင်းပဲနဲ့ ကော သုံးနေလို့ ရနေရဲ့ သားနဲ့  လူသားမဆန်စွာနဲ့ 
ခိုးပြီး Change ပစ်တယ်...တော်တော်ကို အတ္တကြီးပါလား...
ဘာလို့် များ အများအတွက်မစာနာတာလဲ.လူအများသုံးနေတော့ကော
သူ့ အတွက်ဘာဖြစ်မှာမို့ လဲ... သူများဟာနဲ့ လဲ သုံးသေးတယ်..
သူများ password ကိုလဲ Change တယ်.. အဲဒါဟာ ခိုးတာပဲ.
.. သူခိုး တွေလို့ ကတော့ ..
ဟွန်း...ဟွန်း...ဟွန်း.....
ကျွန်တော်နှင့် CNG
ကျွန်တော်က university ကျောင်းသားတစ်ယောက်ပါ...
အရင်တုန်ကဆိုရင် ကျောင်းကို ကြိုပို့ ကားလေးစီးပြီးတော့
သွားရတယ်... အဲဒီတုန်းက ၁လ ကို ၈၀၀ ပဲ ပေးရတယ်.
ကျွန်တော် 1st နှစ်တုန်းကပေါ့
ဒါနဲ့  ဈေးနည်းနည်းတက်လာတယ်.. ၁လကို ၃၀၀၀ တဲ့
ထားပါဗျာ.. အဲဒီတုန်းက ဓါတ်ဆီကိုး ..
ကျွန်တော်လည်း နောက်ဆုံးနှစ်ကို ရောက်ရော CNGပေါ်လာရော
အခုဆိုရင် ကျောင်းကားရဲ့  အနားတောင်မကပ်နိုင်ဘူး ....
CNG .. CNG...... အဲဒါလေးပေါ်လာမှပဲ ကျောင်းကားကို
မစီးနိုင်တော့ဘူး.. ၁လ ကို ၈၀၀၀ တဲ့ဗျာ. ဒါနဲ့ ကျွန်တော်လည်း
လိုင်းကားကို ပြောင်းစီးရတယ်..တော်သေးတာပေါ့ဗျာ .CNG ဆိုတာ
သဘာဝ ဓါတ်ငွေ့ မို့ လို့  အာဟာရဓါတ်ငွေ့ 
ဆိုရင်တော့ မလွယ်ဘူးဗျို့ ........
လိုင်းကားဆိုလို ကျွန်တော်တို့ ဆီကနေ လိုင်း ၂လိုင်းပဲ စီးလို့ ရတယ်..
ဝေးလို့် လားဆိုတော့ ကျောင်းကို ၂၅ မိနစ်လောက်ပဲ စီးရတယ်..
ကားစီးလို့  ကျောင်းလဲရောက်ရော လူလဲ သေချင်ဆော်နံသွားရော ..
သဘာဝမို့ ပဲနော်.....
မိဘနှင့်သားသမီး
မိဘတွေက သားသမီးတွေကို အရမ်းချစ်ကြပါတယ်...........................
သားသမီးတွေ ဘယ်လောက်ပဲ ရှိရှိ ချစ်တာချင်းကတော့ အတူတူပါပဲ ..... တချိုသူငယ်ချင်းတွေက ပြောကြတယ် .. သူတို့ ကိုတော့မချစ်ဘူး………… ဘယ်သူကိုတော့ဖြင့်ချစ်တယ်...မချစ်တာမဟုတ်ပါဘူး ...သူတို့ ရဲ့ အချစ်ကို သရုပ်မဖော်တတ်ကြတာပါ..
ကျွန်တော်မိဘတွေဆိုရင် ဂရုစိုက်တဲ့ စကားလေး
ပြောဖို့ တောင် တော်တော်စဉ်းစားတတ်တယ်...ဒါတွေကို မသိခင်တုန်းကတော့
ကျွန်တော် တော်တော်ကြီးကို အထင်လွဲခဲ့တယ်....
အခုတော့ အချိုန်တွေက နှောင်းသွာခဲ့ပြီ.... ပြန်ပြင်ချင်တာတောင် ပြန်ပြင်ဖို့  အခွင့်အရေးသိပ်မရှိတော့ဘူး ...
ကျွန်တော်အဖြစ်လေးတစ်ခု ပြောပြမယ်...
ကျွန်တော့်ကို ကျွန်တော်အမေက ဆူနေတဲ့ အချိန်ပေါ့ ..ကျွန်တော်သူငယ်ချင်က ဘေးကနေကြည့်ပြီး မျက်ရည်ကျနေတယ် .. ဘာဖြစ်လို့ လဲ့လို့  မေးကြည့်တော
သူလဲ့အဲဒီလို အဆူခံချင်တယ်တဲ့ ...သူငယ်ငယ်လေးထဲက သူမိဘတွေက ဆုံးသွားတာတဲ့...မိဘတွေမရှိတော့မှ မိဘတွေရဲ့ တန်ဖိုးကို သိတော့ အရာရာဟာ နောက်ကျသွားပြီ.... မိဘတွေမရှိတဲ့ သူတွေဆိုရင် မိဘရဲ့ကြင်နာမူတွေကို တောင်တကြရတယ်..
သူငယ်ချင်းတို့ ကို အခု ဆူမဲ့သူရှိတယ် ... ဘာလို့ ဆူရတာလဲ ဆိုတော့ သူငယ်ချင်းတို့ ကို အရမ်းချစ်လို့ ပါ.......
ဒါကြောင့် မိဘတွေရှိတုန်းမှာ မိဘရဲ့ တန်ဖိုးကို နားလည်နိုင်ကြပါစေ....
သူငယ်ချင်းတို့  ဘ၀မှာ အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ........