မင်္ဂလာပါ....ဝေယံဒဏ္ဍာရီမှ ကြိုဆိုပါတယ်.... လာလည်ပေးလို့  ကျေးဇူးတင်ပါတယ် ( နောက်လဲလာလည်နော်)

လူသားမဆန်ခြင်း (၂)

လူတစ်ယောက်ကို လွယ်လွယ်နဲ့ချစ်တယ်…
ပြီးတော့ လွယ်လွယ်လေးပဲ မေ့ထားခဲ့တယ်…
မင်း… ပျင်းတဲ့အခါ ငါ့ကို စကားလာပြောလိုက်…
မင်း..ပျော်တဲ့အချိန်ကျတော့ ငါနဲ့ အဝေးမှာပေါ့…
ငါချစ်မိတဲ့ အချစ်တွေက
မင်းရဲ့ ဥပေက္ခာ
ပစ်မှတ်မှာရှိနေတော့
ငါဆိုတာ သေလူပါပဲ…
ငါ့မှာ အသက်သာရှိပေမယ့်
ငါ့နှလုံးသားကို မင်းသတ်သွားပြီ…
ချစ်တယ်လို့… လွယ်လွယ်နဲ့
ပြောခဲ့ပြီးမှ ချစ်သူကို အလေးမထားခဲ့ရင်
အဲ့ဒီလူဟာ
လူသားမဆန်တဲ့လူပဲ…….

1 comment:

တီချမ်း said...

အီး........................
တီ့ကိုပြောနေသလိုပဲ